မင်္ဂလာဒုံမြို့နယ်တွင် ဗကသများမှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်


နိုဝင်ဘာလ ၁၂၊ ရန်ကုန်

ရန်သူ့အင်အားများ အခိုင်အမာဝိုင်းပတ်ထားသော မင်္ဂလာဒုံမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို မင်္ဂလာဒုံမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၁ မင်္ဂလာဒုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုပြုလုပ်နေချိန်အတွင်းတွင် ဖက်ဆစ်စစ်တပ်မှ အကြမ်းဖက်ဝင်ရောက်ဖြိုခွင်း၍ လိုက်လံဖမ်းဆီးသော်လည်း ဗကသရဲဘော်များမှ အောင်မြင်စွာ လူစုခွဲရှောင်တိမ်းနိုင်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU


Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ