သာယာဝတီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း Get link Facebook X Pinterest Email Other Apps - November 02, 2021 သာယာဝတီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ (၂/၁၁/၂၀၂၁) တွင် အောက်ပါအမှုဆောင်များဖြင့် ဖွဲ့စည်းလိုက်သည်။#ဗကသများအဖွဲ့ချုပ်#ABFSU Get link Facebook X Pinterest Email Other Apps
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ် - May 24, 2024 ၂၀၂၄ မေ ၂၄၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့တနေရာမှာ ဗကသရဲဘော်များက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား ပန်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို မေလ ၂၂ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ Read more
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြုသဝဏ်လွှာ - March 22, 2024 သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ၂၀၁၂ - ၁၅ ဗကသမျိုးဆက်၊ ပုသိမ်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့၏ အဖွဲ့ဝင် (ဟောင်း) ဖြစ်သူ ရဲဘော်အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးအား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ “မြေဝသုန်ရေ ... Read more
ဖက်ဆစ်တော်လှန်ရေးနေ့ - March 27, 2023 ဒီကနေ့ဟာ ဂျပန်နယ်ချဲ့ဖက်ဆစ်တပ်တွေကို ဗမာပြည်မြေပေါ်ကနေ စစ်မှန်သော နိုင်ငံရေးခေါင်းဆောင်မှု၊ ဗမာပြည်လူမျိုးပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုတို့နဲ့ တော်လှန်မောင်းထုတ်နိုင်ခဲ့တဲ့ "ဖက်ဆစ်တော်လှန်ရေးနေ့" ပဲဖြစ်ပါတယ်။ ယခု၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ (၇၈) နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ နယ်ချဲ့ဖက်ဆစ်ဂျပန်တွေရဲ့ ဓားအောက်က ဗမာပြည်သူလူထုတရပ်လုံးဟာ အသက်၊ သွေး၊ ချွေးတွေကို ရင်းနှီးစတေးခဲ့လို့ နယ်ချဲ့ဖက်ဆစ်တွေကို ဗမာပြည်မြေပေါ်ကနေ အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့တဲ့ အောင်ပွဲဟာ အလွန်ပင်ကြီးမားမြင့်မြတ် ဂုဏ်ရောင်ပြောင်ခဲ့ပါတယ်။ ဒီဖက်ဆစ်တော်လှန်ရေးဟာ ကြီးမြတ်ဂုဏ်ပြောင်လို့ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ဒီတော်လှန်ရေးထဲမှာ မွေးဖွားခဲ့တဲ့ တချိန်ကမျိုးချစ်မြန်မာ့တပ်မတော်ကပဲ ပြည်ပြည်တွင်းစစ်မီးကို ဖန်တီးပြီး ဖက်ဆစ်သန္ဓေကို မွေးမြူပေါက်ဖွားလာစေခဲ့တယ်။ စစ်အုပ်စုရဲ့အကျိုးစီးပွားအတွက် ပြည်တွင်းစစ်ကို အသုံးချပြီး ဗမာပြည် တိုင်းရင်းသားပြည်သူ လူမျိုးပေါင်းစုံအပေါ် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတာကို ဒီကနေ့အထိ ခံနေရဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် တောင်တန်း/မြေပြန့်မကျန် ဗမာပ... Read more