ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဖြစ်သူ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်မှ ရုံးထုတ်

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ယနေ့ (၁၂/၁၀/၂၀၂၁) တွင် ဖက်ဆစ်စစ်တပ်မှ မရမ်းကုန်းမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး မနက်ဖြန်နှင့် သန်ဘက်ခါနေ့များတွင် ကျောက်တံတားမြို့နယ်တရားရုံး နှင့် ကမာရွတ်မြိုနယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဖြစ်သူ ကိုဝေယံဖြိုးမိုးသည် မတ်လ ၃ ရက်နေ့တွင် တာမွေကျောက်မြောင်း၌ ဗကသများအဖွဲ့ချုပ်ဦးဆောင် GSC ပူးပေါင်းသပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံရစဉ် မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး လက်ရှိတွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅၊ ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၉ နှင့် ကမာရွတ်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ စသည့် မတရားပုဒ်မ အသီးသီးဖြင့် တရားစွဲဆိုခြင်းခံထားရသည်။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#အရေးတော်ပုံအောင်ရမည်

#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ