Posts

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌအား တရားစွဲထားသော ပုဒ်မများထဲမှ ၂ ခုကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ချမည်ဟု သိရ

Image
ဒီဇင်ဘာ ၂၇၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ငြိမ်းစုစီပုဒ်မနှင့် ၅၀၅ (ခ) အမှုများအား ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဟု သိရသည်။ ကမာရွတ်မြိုနယ် တရားရုံးနှင့် မရမ်းကုန်းမြို့နယ် တရားရုံးများတွင်လည်း ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် ကြည့်မြင်တိုင်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ၂၇၊ ဗကသ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၂ ကြည့်မြင်တိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ "ရှင်သန်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပာယ် ငါတို့တော်လှန်မှရလိမ့်မယ်" ဟူသော စာသားပါဘန်နာကို ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကြည့်မြင်တိုင်ညစျေးတနေရာ၌ ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်ကျွန်ပညာဆန့်ကျင်ရေး စာစောင်များဖြန့်ဝေ

Image
ဒီဇင်ဘာ ၂၇၊ ဗကသ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် တံခွန်တိုင်အထက၌ ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြာအင်းဆိပ်ကြီးအကသ တို့မှ ကျောင်းတက်နေသော ကျောင်းသား/ကျောင်းသူများကို စစ်ကျွန်ပညာရေးကို ဆန့်ကျင်တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်သည့် စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် တာမွေမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်ကျွန်ပညာတိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
ဒီဇင်ဘာ ၂၇၊ ရန်ကုန် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ တာမွေကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၃ တာမွေကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ "စစ်ဗျူရိုကရေစီပညာရေး အခုရပ်" စာသားပါဘန်နာချိတ်ဆွဲခြင်း၊ ဖတ်စာအုပ်များ ဆုတ်ဖြဲခြင်းနှင့် သွေးစွန်းနေသောကျောင်းဝတ်စုံများအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး/ စစ်ကျွန်ပညာရေး တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ‌၂၆၊ ကြာအင်းဆိပ်ကြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဦးဆောင်၍ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် KNU၊ PDF များ တိုက်ပွဲအောင်နိုင်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ၊ ဒီမိုကရေစီပညာရေးဆောင်းပါးများ ဖြန့်ဝေ

Image
ဒီဇင်ဘာ ၂၆၊  ရန်ကုန် ဗကသများအဖွဲ့ချုပ်နှင့် ရတကသတို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၁ ၊ အမှတ် ၉ အား အထက(၂) အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကောင်းမြတ်သာကိုယ်ပိုင်အထက်တန်းကျောင်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(ခွဲ)အလက(၁၀) ရွှေပေါက္ကံကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထ...

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ၂၅၊ စစ်ကိုင်း အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၂၅)ရက်၊ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်စမတ်နေ့တွင် ကိုးကွယ်ရာဘာသာကွဲပြားသော်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ တော်လှန်တိုက်ပွဲဝင်သွားမည့်စိတ်ဓာတ်ကို ပြသရင်း ❝ဘာသာ‌ရေးမခွဲခြားဘဲ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာလ ၂၅ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာ ကျောင်းသား/လူထုသည်  ဒီဇင်ဘာလ  ၂၅ ရက်နေ့တွင် “ဖက်ဆစ်စစ်တပ် ခရစ္စမတ်မှာအမြစ်ဖြတ်”၊ “ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဘာသာပေါင်းစုံလက်တွဲစို့” စာသားပါဘန်နာများအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ကျောက်တံခါးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲစည်း

Image
ဒီဇင်ဘာ ၂၄၊ ရန်ကုန် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီနည်းကျဗဟိုဦးဆောင်မှုစနစ် စသည့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး ကျောက်တံခါးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာလ ၂၄၊ စစ်ကိုင်း အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထုသည်  ဒီဇင်ဘာလ  ၂၄ ရက်နေ့တွင် “သမိုင်းကပေးအပ်တဲ့တာ၀န်ကို ကျေပွန်စွာထမ်းဆောင်ကြ” စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU