စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်
စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် တော်လှန်ရေးအင်အားစုရဲဘော်များနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါင်းတို့…. ယနေ့ဆိုလျှင် မင်းအောင်လှိုင် စစ်အုပ်စုမှ ပြည်သူလူထု၏ အချုပ်အခြာအာဏာအား အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍လည်း ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အား တခဲနက် အုံကြွဆန့်ကျင်ခဲ့ကြသည်မှာ လက်နက်ကိုင် တော်လှန်ရေး အသွင်ထိပါ ကူးပြောင်း တိုက်ပွဲဝင်လာနိုင်သည်အထိ တော်လှန်ရေးရဲ့ အရှိန်အဟုန်မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါပြီ။ တဖက်မှာလည်း စစ်အုပ်စုက လူထုတော်လှန်ရေးကြီးအား ရက်ရက် စက်စက် ဖြိုခွင်းချေမှုန်းခဲ့သလို နည်းလမ်းပေါင်းစုံဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက် ရှိပါသည်။ သို့ရာတွင် လူထု၏ ဒေါသမီးတောက်ကိုသာ ကြုံတွေ့နေရသည့် စစ်အုပ်စုသည် နိုင်ငံရေး ထွက်ပေါက်ရရန် အတုအယောင် ရွေးကောက်ပွဲတရပ်အား ကျင်းပ၍ လူထုနှင့် ပြည်တွင်းပြည်ပ အင်အားစုများအား မျက်လှည့်ပြ လှည့်စားရန် ကြံရွယ်နေပါသည်။ ထ...