ချင်းတွင်းပညာရပ်စုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စတင်ဖွဲ့စည်း
ချင်းတွင်းပညာရပ်စုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စတင်ဖွဲ့စည်း ဇန်နဝါရီ ၁၊ ၂၀၂၆ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်နေ့က ချင်းတွင်းပညာရပ်စုံတက္ကသိုလ် (Chindwin Comprehensive University - CCU)မှာ သမဂ္ဂတရပ် ဖွဲ့စည်းခဲ့ပါတယ်။ ချင်းတွင်းပညာရပ်စုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ (၈)ကြိမ်မြောက်ညီလာခံက အတည်ပြုပြဌာန်းထားတဲ့ မူဝါဒ ၆ ချက်၊ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေဿတွေနဲ့ လက်ခံချက် ၃ရပ်တို့ကို လက်ခံလိုက်နာပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ #ABFSU #ChindwinComprehensiveUniversity #CCUSU