Posts

Showing posts from January, 2026

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ‎

Image
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၆ ‎ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူ့အခြေပြုစာသင်ကျောင်းတာဝန်ခံတွေနဲ့ ပူးပေါင်းကာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ ကျောင်းသားကျောင်းသူတွေရဲ့ စကားပြောစွမ်းရည်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၂၆ ယောက် ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။  ‎ပြိုင်ပွဲအခမ်းအနားမှာ သမဂ္ဂအလံတော်ကို အလေးပြုတာ၊ ကျောင်းသားသမဂ္ဂရဲဘော်တွေကနေ အမှာစကား ပြောကြားတာ၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ၀မ်းမြောက်ကြောင်း စကားပြောကြား၊ အကဲဖြတ်ဒိုင်လူကြီးတွေက ဆုရွေးချယ်တာ၊ ဆုချီးမြှင့်တာ စတဲ့အခမ်းအနားအဆင့်ဆင့်နဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်

ဗကသများအဖွဲ့ချုပ်မှ တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေ

Image
ဗကသများအဖွဲ့ချုပ်မှ တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေ ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၆ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကနေ တနင်္သာရီမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွေမှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာစောင်တွေကို လူထုထံ လိုက်လံဖြန့်ဝေခဲ့ပါတယ်။ #ABFSU #TTSU #အတုအ‌ယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး #တနင်္သာရီမြို့နယ်