အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ၈လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဩဂုတ်လ ၇၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းသားများသမဂ္ဂနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝန်းရံကာ “၈ လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ၃၅ နှစ်ပြည့်” အထိမ်းအမှတ်အဖြစ် ယနေ့ ဩဂုတ်လ ၇ ရက်နေ့၌ မုံရွာ - အရာတော် လမ်းမကြီးပေါ်တွင် “မပြီးဆုံးသေးတဲ့ ၈ လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ဘုရားမတည်နဲ့” စသည့် စာသားပါဘန်နာများ၊ ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #8888 #WhatsHappeningInMyanmar

Popular Posts

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်