အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်
ဧပြီလ ၁၈၊ ဗကသ
အရာတော်မြို့နယ် တောင်ပိုင်းဒေသတွင် အထက မလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော ကျောင်းသား/လူထု ပူးပေါင်းသပိတ်စစ်ကြောင်းသည် ဧပြီလ ၁၇ ရက်နေ့၌ ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူကာ "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ဖက်ဆစ်သွေးနဲ့ အတာကူးကြ" စာသားပါဘန်နာအား ကိုင်ဆွဲ၍ သပိတ်စစ်ကြောင်း ၂ ခုချီတက်ကာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။
ရန်ပုံငွေရှာဖွေထောက်ပံရေး အဖွဲ့အစည်းတခုမှလည်း ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းအား ဖျော်ရည်/အအေးများ လာရောက်လှူဒါန်းခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU