အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဧပြီလ ၁၈၊ ဗကသ

အရာတော်မြို့နယ် တောင်ပိုင်းဒေသတွင် အထက မလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော ကျောင်းသား/လူထု ပူးပေါင်းသပိတ်စစ်ကြောင်းသည် ဧပြီလ ၁၇ ရက်နေ့၌ ဗကသခွပ်​ဒေါင်းအောင်လံတော်အား လွင့်ထူကာ "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ဖက်ဆစ်သွေးနဲ့ အတာကူးကြ" စာသားပါဘန်နာအား ကိုင်ဆွဲ၍ သပိတ်စစ်ကြောင်း ၂ ခုချီတက်ကာ အာဏာရှင်စနစ် အ​​မြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။

ရန်ပုံငွေရှာဖွေထောက်ပံရေး အဖွဲ့အစည်းတခုမှလည်း ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းအား ဖျော်ရည်/အအေးများ လာရောက်လှူဒါန်းခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ