Posts

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇွန် ၂၀၊ ဗကသ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ပြည်သူများနှင့် ကျောင်းသားလူငယ်များ၏ကိုယ်စား ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဇွန်လ ၁၉ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #WhatHappeningInMyanmarNow 

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇွန် ၁၉၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် “နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ” ဟူသော စာသားပါဘန်နာအား ကိုင်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #WhatHappeningInMyanmarNow 

ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇွန် ၁၉၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် “ဖက်ဆစ်တပ်ကို ဖြိုချ၊ လူ့ဘောင်အသစ်ကို ကြိုကြ” ဟူသော စာသားပါဘန်နာအား ကိုင်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #WhatHappeningInMyanmarNow

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုစိုင်းထက် သို့ ဂုဏ်ပြု‌သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၇/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်                   မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ သတင်းနှင့်ပြန်ကြားရေးမှူးဖြစ်သူ ရဲဘော်စိုင်းထက်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုစိုင်းထက်အား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ ❝မြေဝသုန်ရေ . . . ဂ...

ကြို့ပင်ကောက်မြို့နယ် ဗကသက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇွန် ၁၁၊ ဗကသ ကြိုပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်လူငယ် တို့ ပူးပေါင်း၍ ဇွန်လ ၁၀ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် “တပ်ပေါင်းစုကို တည်ဆောက်၊ ပြည်ထောင်စုအစစ်ဆီ ချီတက်” ဟူသော စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇွန် ၉၊ ဗကသ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” စာသားပါစတစ်ကာများအား ဖြန့်ချိ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ဖက်ဆစ်ရွေးကောက်ပွဲ #whathappeninginmyanmar

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဗကသများအဖွဲ့ချုပ်သို့ လှူဒါန်းမှုများအား လက်ခံရရှိကြောင်းနှင့် ထောက်ပံ့ပြီးစီးကြောင်း တင်ပြခြင်း

Image
ကြေညာချက်အမှတ် - ၄/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်                              မိုခါမုန်တိုင်းကြောင့် သဘာဝဘေးဒဏ် ကြုံတွေ့ခံစားနေရသည့် ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဗကသများအဖွဲ့ချုပ်သို့ ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁၇၁၆၅၀၀ (စာဖြင့် - တဆယ့်ခုနှစ်သိန်း တသောင်း ခြောက်ထောင့်ငါးရာ) ကျပ်တိတိအား ဗကသများအဖွဲ့ချုပ်က လက်ခံရရှိပါသည်။                              ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဒေသခံမဟာမိတ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြည်သူများ၏ ထောက်ပံ့လှူဒါန်းမှုများအား  သဘာဝဘေးဒဏ်သင့်ပြည်သူများထံသို့ ဗကသများအဖွဲ့ချုပ်မှ အောက်ပါအတိုင်း ပေးပို့ထောက်ပံ့ခဲ့ပါသည်။            ...

ဗကသရဲဘော် ကိုဟိန်းမင်းထက် ကျဆုံးခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိုးညှင်းမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇွန် ၅၊ ဗကသ မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရဲဘော် ကိုဟိန်းမင်းထက် (ခ) ရဲဘော်အာကာ ကျဆုံးခြင်း (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၅ ရက်နေ့၌ မိုးညှင်းမြို့နယ်တွင် “နှောင်ကြိုးမှတစ်ပါးဆုံးရှုံးစရာမရှိ” စာသားပါဘန်နာအား မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ကိုဟိန်းမင်းထက် #ကိုအာကာ #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
​ ၂၀၂၃ မေ ၂၉၊ ဗကသ ဗကသများအဖွဲ့ချုပ်က ဦးဆောင်သည့် ကျောင်းသား/ပြည်သူ ပါဝင်သော သပိတ်စစ်ကြောင်းသည် တပ်ဦး၌ ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူ၍ “တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်တွင် မေလ ၂၈ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရားဟောပြောခြင်းများ ပြုလုပ်ကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၁၀၊ ဗကသ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မြောက်ဥက္ကလာပမြို့နယ်တွင် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး" စာသားပါ စတစ်ကာများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ မေလ ၁၀ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ မြောက်ဥက္ကလာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မြေပြင်ရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်အမိန့် မတရားချမှတ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ်  #ဗကသ #ABFSU #ကိုကောင်းဆက်ပိုင် #KoKaungSettPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmarNow