ဧပြီလ ၂၇ ရက်နေ့တွင် ဗကသ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ငြိမ်းစုစီပုဒ်မဖြင့် အမိန့်ချမည်ဟု သိရ


၂၀၂၂ ဧပြီ ၂၅၊ ဗကသ

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်မှ မတရားစွဲဆိုထားသော ငြိမ်းစုစီ ပုဒ်မဖြင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်လည်း ပုဒ်မ ၅၀၅ (က) အား ရုံးထုတ်စစ်ဆေးမည်ဟု သိရပါသည်။

ကိုဝေယံဖြိုးမိုးသည် ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီ ပုဒ်မ တို့အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း ကမာရွတ်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။ 

ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခံရချိန်တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးတွင်လည်း ညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို 
ဗကသများအဖွဲ့ချုပ် 
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ