၆၁ နှစ်ပြည့် ကချင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်သို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၂ / ၂၀၂၂
ရက်စွဲ - ၅ / ၂ / ၂၀၂၂

                   ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ကချင်လူထု၏ အခွင့်အရေးအရပ်ရပ်တို့အတွက် တိုက်ပွဲဝင်ရန် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ခဲ့သော ကချင့်တော်လှန်ရေးသည် ယနေ့တွင် ၆၁ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ၆၁ နှစ်တာ တော်လှန်ရေးအတွင်း၌ ကချင်လူထုအတွက် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကချင်အာဇာနည်များနှင့် ခေတ်အဆက်ဆက် ဖက်ဆစ်များ၏ ဖိနှိပ်မှုမှ ကချင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော ကချင်ပြည်လူထုအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အလေးအမြတ်ပြုပါသည်။

                   ကချင်ပြည်သူလူထု၏ မျှော်မှန်းချက်ဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ကချင့်တော်လှန်ရေး အမြန်ဆုံး အောင်မြင်ပါစေကြောင်း ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဆန္ဒပြုရင်း ၆၁ နှစ်ပြည့် ကချင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်သို့ သဝဏ်လွှာပေးပို့အပ်ပါသည်။

ရန်သူတကာ ကြောက်ဒူးတုန်ပါစေ
ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ
ကချင့်တော်လှန်ရေး အဓွန့်ရှည်တည်တံ့ပါစေ

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ