ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် ဖွဲ့စည်းခွင့်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် ဖွဲ့စည်းခွင့်

နိုင်ငံအတွင်းရှိ မည့်သည့်ဒေသတွင်မဆို ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။

၁။ ဗကသများအဖွဲ့ချုပ်၏ လက်ခံချက် ၃ ရပ်ကို လက်ခံလိုက်နာသည့် ကျောင်းသား/သူများနှင့် ဖွဲ့စည်းရမည်။
(က) မူဝါဒ ၆ ချက်ကို လက်ခံလိုက်နာရမည်။
(ခ) ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများကို လက်ခံလိုက်နာရမည်။
(ဂ) ဗဟိုအမှုဆောင်အဖွဲ့၏ ဒီမိုကရေစီနည်းကျ ဦးဆောင်မှုကို လက်ခံလိုက်နာရမည်။ (ဗဟိုတခုတည်းရှိရေး)

၂။ သက်ဆိုင်ရာသမဂ္ဂ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရမည်။

၃။ မြိုနယ်၊ ခရိုင်၊ တက္ကသိုလ်၊ ကောလိပ်၊ သက်မွေး သမဂ္ဂများ ဖွဲ့စည်းနိုင်သည်။ ဗကသများအဖွဲ့ချုပ် ၏ လက်ခံချက် ၃ ရပ်ကို လက်ခံလိုက်နာပါက ဗကသများအဖွဲ့ချုပ်၏ တံဆိပ်၊ အလံနှင့် သက်ဆိုင်ရာသမဂ္ဂ အမည်၏နောက်တွင် ဗကသများအဖွဲ့ချုပ် ဟု အသုံးပြုခွင့်ရှိသည်။

၄။ သမဂ္ဂဖွဲ့စည်းပြီးကြောင်းကို ဗကသများအဖွဲ့ချုပ် ၏ Facebook Page နှင့် Email သို့ ဆက်သွယ်အကြောင်းကြားရမည်။ အပြာရောင်အမှန်ခြစ် (Blue Mark) ပါ‌ဝင်သော Facebook Page သည်သာ ဗကသများအဖွဲ့ချုပ်၏ တရားဝင်စာမျက်နှာ ဖြစ်သည်။

၅။ မူဝါဒ ၆ ချက်
(က) အမျိုးသားရေး (ဝါ) နယ်ချဲ့ဆန့်ကျင်ရေး
(ခ) ဒီမိုကရေစီရေး (ဝါ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
(ဂ) ငြိမ်းချမ်းရေး
(ဃ) ဒီမိုကရေစီပညာရေး
(င) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
(စ) နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး

ဆက်သွယ်ရန် -
▪️All Burma Federation of Student Unions Facebook Page
▪️Page Messenger
▪️Email

မှတ်ချက် ။ ။ အပြာရောင်အမှန်ခြစ် (Blue Mark) ပါ‌ဝင်သော Facebook Page သည်သာ ဗကသများအဖွဲ့ချုပ်၏ တရားဝင်စာမျက်နှာ ဖြစ်သည်။

နောက်ဆက်တွဲ -
▪️ဗကသများအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ (ဖတ်ရှုရန်)

▪️ကသများအဖွဲ့ချုပ်၏ မူဝါဒ ၆ ချက် (ဖတ်ရှုရန်)

▪️နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး (ဖတ်ရှုရန်)


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ