Posts

ဗကသများအဖွဲ့ချုပ် လူထုလုပ်ငန်းဖော်ဆောင်ရေးကော်မတီဝင် အမည်စာရင်းများအား ထုတ်ပြန်ကြေညာခြင်း

Image
ကြေညာချက်အမှတ် - ၁၂/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် ဧပြီလ ‌၂၀ ရက် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်နိုင်ရေး၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထု လွတ်မြောက်ရေး အပါအဝင် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းခဲ့တဲ့ မူဝါဒ ၆ ရပ်နဲ့ ရည်မှန်းချက်တွေကို အရှိန်အဟုန်တိုးမြှင့်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ် လူထုလုပ်ငန်းဖော်ဆောင်ရေးကော်မတီ ကို အောက်ပါရဲဘော်များနဲ့ ဖွဲ့စည်းလိုက်ပါတယ်။   ၁။ ကိုရှိုင်းလင်းထက် (တာဝန်ခံ) ၂။ မမေယွန်းဝတီ ၃။ မခေမာကို ၄။ ကိုထက်အောင် ‌၅။ ကိုကောင်းမြတ်ဇော် ၆။ ကိုကျော်သက်နိုင် ၇။ ကိုကျော်မျိုးခန့် “အမျိုးသားခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ” “ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ” ဗဟိုစည်းရုံးရေးကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ယင်းမာပင်နဲ့ ဆာလင်းကြီးက စစ်ရှောင်ပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က အာဟာရဒါန ပြုလုပ်

Image
၂၀၂၄ ဧပြီ ၁၉၊ ဗကသ ပြည်သူတွေရဲ့ စုပေါင်းအလှူငွေတွေနဲ့ ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ ရက်သတ္တပတ်ကျော်ကြာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဧပြီလ ၁၈ ရက်နေ့က နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ စစ်ရှောင်များအတွက် လှူဒါန်းပေးတဲ့ ပြည်သူတဦးတယောက်ချင်းစီတိုင်းကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ယင်းမာပင် #ဆားလင်းကြီး #စစ်ဘေးရှောင် #ကျွေးမွေး #လှူဒါန်း

The speech of the All Burma Federation of Student Unions (ABFSU) presented at the opening ceremony of the second conference of the National Unity Consultative Council (NUCC)

Image
Announcement : 11/ABFSU/2024 Date : April 14, 2024 Hello. I am a member of the Central Organizing Committee (COC) of the All Burma Federation of Student Unions (ABFSU). First of all, I would like to say that we are honoured to have the opportunity to speak at the People's Assembly today. ABFSU is one of the most active organizations of the General Strike Committee (GSC), which is fighting against the Burmese military dictatorship. Therefore, we would like to say that what we present here today is also the voice of the GSC. The Spring Revolution, initiated in February 2021, continues to gather momentum even after three years, underscoring its ongoing significance. We must never forget that the revolution's momentum today is only achieved by the sacrifices of tens of thousands of martyrs throughout the ages. I would also like to say here that ABFSU pays its utmost respect to all the martyrs who lost their lives in the people's democratic re

ဗကသများအဖွဲ့ချုပ်နဲ့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ ပူးပေါင်းပြီး ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်

Image
၂၀၂၄ ဧပြီ ၁၅၊ ဗကသ ဗကသများအဖွဲ့ချုပ်နဲ့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရန်ကုန်မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖော်ဆောင်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #sptsc #မတရားစစ်မှုထမ်းဥပဒေ #စစ်သုံးစစ် 

ယင်းမာပင်နဲ့ ဆာလင်းကြီးက စစ်ရှောင်ပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က အာဟာရဒါန ပြုလုပ်

Image
၂၀၂၄ ဧပြီ ၁၅၊ ဗကသ ပြည်သူတွေရဲ့ စုပေါင်းအလှူငွေတွေနဲ့ ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ ရက်သတ္တပတ်ကျော်ကြာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဧပြီလ ၁၄ ရက်နေ့က နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ အဆိုပါလှူဒါန်းမှုမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က မြေပြင်မှာ အကျွေးအမွေး လုပ်အားအဖြစ် ကူညီပေးခဲ့ပါတယ်။ စစ်ရှောင်များအတွက် လှူဒါန်းပေးတဲ့ ပြည်သူတဦးတယောက်ချင်းစီတိုင်းကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ယင်းမာပင် #ဆားလင်းကြီး #စစ်ဘေးရှောင် #နေ့လယ်စာ #ကျွေးမွေး #လှူဒါန်း

ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ ပြည်သူလူထုကို မုန့်လုံးရေပေါ်တွေ ဝေငှပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်

Image
၂၀၂၄ ဧပြီ ၁၃၊ ‌ဗကသ ဗကသများအဖွဲ့ချုပ်၊ တာမွေမြို့နယ်သပိတ်ကော်မတီ (TSC)၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီ (MGTN GSC)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းပြီး ရန်ကုန်လူထုကို ဒီကနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်တွေ အာဟာရဒါနဖြစ် ဝေငှခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုမှာ မတရားစစ်မှုထမ်းဥပဒေ အပါအဝင် ပြည်သူလူထု တရပ်လုံးအပေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို လူထုရဲ့စုပေါင်းအားနဲ့ တခဲနက် ဆန့်ကျင်တိုက်ဖျက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #မတရားစစ်မှုထမ်းဥပဒေ #သင်္ကြန် #မုန့်လုံးရေပေါ်

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဧပြီ ၁၂၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Coalition - NDOPSC တို့ ပူးပေါင်းပြီး ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” စာသားပါဘန်နာနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #NDOPSC #မတရားစစ်မှုထမ်းဥပဒေ